သမ္မာကျမ်းစာ
သမ္မာကျမ်းစာ ကျမ်းဂန် သမ္မာကျမ်း သည် ခရစ်ယာန်ဘာသာ ဝင်များ၏ကျမ်းစာဖြစ်ပြီး ဘုရားသခင်ပြောသောစကားများကို ရေးသားထားသည့်စာအုပ်လည်းဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် ယေရှုခရစ်တော် မဖွားမြင်ခင်က ရေးခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး ခရစ်တော် မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်ပါသည်။ ရေးသားခဲ့သူများမှာ တံငါသည်မှ ရှင်ဘုရင်အထိ လူအမျိုးမျိုးပါဝင်ကြပြီး ဘုရားသခင်၏ ရူပါရုံပေးခြင်းဖြင့် ရေးနိုင်ခဲ့ကြပါသည်။ ဓမ္မဟောင်းတွင် ၃၉ ကျမ်းပါရှိပြီး၊ ဓမ္မသစ်ကျမ်းတွင်၂၇ ကျမ်းပါဝင်သည်။ ရိုမင်ကတ်သလလစ်ကျမ်းတွင် ကျမ်းပို (apocrypha) ၂၃ ကျမ်းပါရှိ၍ ဓမ္မဟောင်းကျမ်း ၄၆ ကျမ်းနှင့် ဓမ္မသစ်ကျမ်း ၂၇ ကျမ်းပါရှိသည်။ ဂရိနှင့် ရုရှအောက်သိုဒေါ့ကျောင်းတော်များက ဖော်ပြပါကျမ်းပိုများအပြင် အခြားကျမ်းပိုများကိုလည်း လက်ခံကြသည်။ မည်သည့်အချိန်မှ စတင်ရေးသားခဲ့သည်ကို အတိအကျမသိနိုင်သော်လည်း ဂျူးလူမျိုးများ၏ မောရှေ ပညတ်တရား ၅ကျမ်း မှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ မောရှေရဲ့ ပညတ်တော် ၁၀ ပါး ကို ဘီစီ ၁၄၀၆ (မောရှေ သေဆုံးချိန်) မတိုင်မီရေးခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် ေဂျရုဆလင်မြို့ကို ဘေဘီလုံ