ဆေးလိပ် (ဆေးရွက်ကြီး)
ဆေးရွက်ကြီးသည် လူ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ဆေးရွက်ကြီးမီးခိုးကို အဝတ်ဖြူပေါ်တွင် မှုတ်တင်လိုက်ပါက အဝတ်ဖြူတွင် အမည်းစွန်းများ ထင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ အမည်းစွန်းများတွင် နီကိုတင်းခေါ် ပြင်းထန်သော အဆိပ်တမျိုး ပါဝင်နေပါသည်။ အဆိုပါ နီကိုတင်း အဆိပ်သည် မည်မျှပြင်းထန်သနည်းဆိုပါလျှင် အဆိပ်တစက်ကိုယူပြီး ယုန်၏အရေပြားကို တို့လိုက်ရုံဖြင့် ယုန်သေစေနိုင်ပါသည်။ မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် - ဆေးလိပ် ဆေးရွက်ကြီးရွက် သမိုင်းကြောင်း ဤမျှ ပြင်းထန်သော အဆိပ်ကို လူသားတို့ သောက်ရှူသုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၈၀၀၀-ခန့်ရှိပြီဖြစ်ပါသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀၀-ခန့် (ဘီစီ ၆၀၀၀-ခန့်) ကတည်းက အမေရိကတိုက်တွင် ဆေးရွက်ကြီးများ စတင်ပေါ်ပေါက်နေကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြပါသည်။ အမေရိကတိုက်နေ လူရိုးများ ဆေးရွက်ကြီးကို သုံးစွဲခဲ့သည့် အထောက်အထားကိုမူ ခရစ်တော်မပေါ်မီ ၁-ရာစုအလိုခန့်တွင်မှ စတင်တွေ့ရှိခဲ့ပါသည်။ လူရိုင်းတို့သည် ဆေးရွက်ကြီးမှ အငွေ့များကို ကောင်းကင်သို့ မှုတ်ထုတ်ပြီး နတ်ဘုရားများထံ အငွေ့များ ဆက်သခဲ့သည်ဟု ဆိုပါသည်