Posts

Showing posts with the label သမိုင်း

NINJA (နင်ဂျာ) သို့မဟုတ် SHINOBI(ရှီနိုဘိ)

Image
နင်ဂျာ ဂျပန်ပဒေသရာဇ်ခေတ်မှ လျှို့ဝှက်အေးဂျင့် သို့မဟုတ် ကြေးစား နင်ဂျာ (ninja) သို့မဟုတ် ရှီနိုဘီ (Shinobi) သည်  ဂျပန်ပဒေသရာဇ်ခေတ်  မှ လျှို့ဝှက်အေးဂျင့် သို့မဟုတ် ကြေးစား တစ်မျိုးဖြစ်သည်။ နင်ဂျာ၏ လုပ်ဆောင်မှုများတွင် သူလျှိုလုပ်ခြင်း ၊ လှည့်စားခြင်းနှင့် အံ့အားသင့်စရာ က်ခိုက်မှုများပါဝင်သည်။  [၁]  သူတို့၏ ပုံမှန်မဟုတ်သော စစ်ဆင်ရေး များကို လျို့ဝှက်နည်းလမ်းများသုံး၍ ပြုလုပ်ခဲ့ခြင်းသည်  ဆာမူရိုင်း  များ၏ ဂုဏ်သိက္ခာအောက် နိမ့်ကျပြီး ဂုဏ်သရေမဲ့သော လုပ်ရပ်ဟု မှတ်ယူခဲ့ကြသည်။  [၂]  အထူး လေ့ကျင့်သင်ကြားထားသော သူလျှိုနှင့်ကြေးစားများ ဖြစ်သော ရှိနော့ဘိ အစစ်များသည် ၁၅ ရာစု ဆန်ဂိုးကု ခေတ်အတွင်း ပေါ်ပေါက်ခဲ့သော်လည်း ယခင် အစောပိုင်း ၁၂ ရာစုကတည်းက အလားတူ နင်ဂျာများ ရှိခဲ့ကြသည်။  [၃]   [၄] ဟိုကူစိုင်း မှ ပုံကြမ်းခြစ်ထားသော နင်ဂျာ၏ ပုံသဏ္ဌာန်။ စာရွက်ပေါ်တွင် သစ်သားပုံနှိပ်တုံးဖြင့် နှိပ်ထားသည့် အတွဲ (၆) မှ ။ ၁၉၁၇ ဆန်းဂိုးကုခေတ် မငြိမ်မသက် ဖြစ်နေစဉ်တွင် အိဂါပြည်နယ် နှင့် ကိုးဂါ ကျေးရွာ ပတ်ဝန်းကျင်တို့တွင် ကြေးစားများနှင့် စပိုင်များ ခြေချင်းလိမ်နေခဲ့ကြပြီး ထိုဒေသများမှ နင်ဂျာနှင့် ပက်သတ်သော သိကောင်းစရာ