Posts

Showing posts with the label နိုင်ငံရေးရာ

စစ်အာဏာရှင်စနစ် ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို စစ်တပ်မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော စစ်အစိုးရနှင့် အာဏာရှင်စနစ်တစ်မျိုးဖြစ်ပါသည်။ ထိုစနစ်၏အာဏာရှင်မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။

Image
စစ်အာဏာရှင်စနစ် စစ်တပ်မှအုပ်ချုပ်သောအာဏာရှင်စနစ် စစ်အာဏာရှင်စနစ်  ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို  စစ်တပ် မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော  စစ်အစိုးရ နှင့်  အာဏာရှင်စနစ် တစ်မျိုးဖြစ်ပါသည်။ ထိုစနစ်၏ အာဏာရှင် မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ထိုစနစ်၏ဆန့်ကျင်ဖက်မှာ ပြည်သူများက စစ်ရေးရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် စစ်အာဏာရှင်စနစ်ကို ခါကီစတိုကရေစီ (khakistocracy) ဟုခေါ်ဆိုကြပါသည်။ထိုစကားလုံးသည် ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနှင့် ကာကီ (ခါကီ) (khaki) ခေါ် စစ်သားများဝတ်ဆင်သောအရောင် ဟူသောစကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာပုံ စစ်အာဏာရှင်စနစ်သည် "coup d'état" ခေါ် အစိုးရကိုဖြုတ်ချခြင်းမှ ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် အရပ်သားအစိုးရရှိလျက်နှင့်ပင် စစ်တပ်ကိုယ်တိုင်အုပ်ချုပ်မှုများလည်း ရှိနိုင်ပါသည်။ ထိုကဲ့သို့သောအခြေအနေများတွင် အစိုးရသည် စစ်တပ်၏အလိုကိုလိုက်ပေးရခြင်း သို့မဟုတ် အစိုးရ၏အာဏာမှေးမှိန်ခြင်းတို့ဖြစ်တတ်ပါသည်။ သာဓကအားဖြင့်  ပထမကမ္ဘာစစ် ကာလ ဂျာမန်အင်ပါ