Antoine De Lavoisier (ဓာတုဗေဒ ဖခင်ကြီး)
ပြင်သစ်သိပ္ပံပညာရှင် အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ ( အင်္ဂလိပ် : Antoine De Lavoisier )သည် ခေတ်သစ်ဓာတုဗေဒ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။ ပြင်သစ်သိပ္ပံပညာရှင် အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ(Antoine De Lavoisier ) ၁၇၄၃ ခုနှစ်တွင် ပါရီ၌ ၎င်းကို မွေးဖွားလာချိန်က ဓာတုဗေဒသိပ္ပံမှာ ရူပဗေဒ ၊ သင်္ချာ ၊ နက္ခဗေဒ ပညာရပ်များထက် များစွာအလှမ်းဝေးကျန်ရစ်ခဲ့သည်ကို တွေ့ရလေသည်။ ဓာတုဗေဒပညာရပ်မှာ စုစုစည်းစည်းမရှိသေး။ ပညာရှင်များက တစ်စစီ ရှာဖွေထားကြသည့် အဆင့်သာရှိသေးသည်။ ၎င်းသည် ဓာတုဗေဒနှင့် ဇီဝဗေဒ ပညာသမိုင်းတွင်ထင်ရှားသည့်ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ မွေးဖွား အန်ထော်နီလော့ရင့် ဒီ လဗွိုင်စီယာကို ၁၇၄၃ ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့တွင် ပါရီမြို့ ၌ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာခဲ့သည်။ အသက်ငါးနှစ်အရွယ်တွင် ကွယ်လွန်သွားသော မိခင်ထံမှ အမွေများရရှိလိုက်သည်။ သူသည် ၁၇၅၄ ခုနှစ်မှ ၁၇၆၁ ခုနှစ်ထိ မာဇရင်ကောလိပ်သို့ တက်ရောက်ပညာသင်သည်။ ဓာတုဗေဒ၊ ရူပဗေဒ၊ နက္ခတ္တဗေဒနှင့် သင်္ချာပညာတို့ကို သင်ယူခဲ့သည်။ ထိုအပြင် သဘာဝသိပ္ပံ ပို့ချချက်များကိုလည်း တက်ရောက်သင်ယူသည်။ ဖော်ထုတ်ချက်များ ၎င်း၏ ပထမဦး