ဆရာကြီး သခင်ကိုယ်တော်မှိုင်း

သခင်ကိုယ်တော်မှိုင်း မြန်မာစာရေးဆရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ကာ ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်သည်။ သခင်ကိုယ်တော်မှိုင်း မွေးဖွား မောင်လွန်း မတ် ၂၃၊ ၁၈၇၆ ဝါးလယ်ရွာ၊ ရွှေတောင်မြို့ ၊ ပြည်ခရိုင် ၊ မြန်မာနိုင်ငံ ကွယ်လွန် ဇူလိုင် ၂၃၊ ၁၉၆၄ (အသက် ၈၈) ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ ထာဝရ အိပ်စက်ရာ ကန်တော်မင်ဉယျာဉ်ဂူဗိမာန်၊ ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ ကလောင်အမည် ပဏ္ဍိလေး၊ မောင်သမာဓိ၊ ဆရာလွန်း၊ ဘိုးဘိုးအောင်၊ မစ္စတာမောင်မှိုင်း၊ သခင်ကိုယ်တော်မှိုင်း အလုပ်အကိုင် ဝတ္ထုရေးဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ်၊ နိုင်ငံရေးသမား ကာလ ၁၈၉၈–၁၉၆၄ စာပေအမျိုးအစား အမျိုးသားရေး ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများ မစ္စတာမောင်မှိုင်း မှာတော်ပုံ ဝတ္ထု (၁၉၁၆) ရရှိသည့်ဆုများ အလင်္ကာကျော်စွာ ဘွဲ့ (၁၉၅၀) စတာလင်ငြိမ်းချမ်းရေးဆု(ဆိုဗီယက်) (၁၉၅၄) ဒေါက...