Hip Hop အကြောင်းတစေ့တစောင်းလေ့လာကြည့်မယ်
ဟစ်ဟော့ ဂီတ (Hip hop music) [၁] သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမှုတွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ rapping (သီချင်းစာသားများအား ကာရံနှင့်အညီ ရွတ်ဆိုခြင်း) DJing (ဓာတ်ပြားများအား ပွတ်ခြင်း၊ ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများ ထွက်လာစေခြင်း) graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့် b-boying (ဘရိတ်ဒန့်(စ်)အက). [၂] [၃] [၄] ဟစ်ဟော့ရှိုးပွဲတစ်ခု တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း)၊ Fashion (ဝတ်စားဆင်ယင်မှု ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေတွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမှုသည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။ ဟစ်ဟော့ဂီတသည် DJs (Disc Jockey) များက Turntables ဟုခေါ်သော ဓာတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့် စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင်