Posts

Showing posts with the label ရာသီဥတု

ဆောင်းရာသီ

Image
ဆောင်းရာသီ  သည် ဝင်ရိုးစွန်းနှင့်  သမပိုင်းဒေသ တို့၏ တစ်နှစ်တာအတွင် အအေးဆုံး ကာလတစ်ခုဖြစ်သည်။ ဆောင်းရာသီသည် မိုးရာသီနှင့် နွေရာသီအကြားတွင် ရှိပြီး ဥတုလေးခုရှိသော ဒေသများတွင် ဆောင်းဦးကာလနှင့် နွေဦးကာလအကြားတွင် ကျရောက်သည်။ ဝင်ရိုးပေါ်တွင်လည်ပတ်နေသော ကမ္ဘာ၏  နေ နှင့်အဝေးဆုံးဘက်၌ ကျရောက်သော ကမ္ဘာခြမ်းတွင် ဆောင်းရာသီ ဖြစ်ပေါ်သည်။ မတူညီသော ယဉ်ကျေးမှုများအရ ဆောင်းရာသီ စတင်သည့်နေ့ရက်သည် ကွဲပြားကြသည်။ အချို့သည် ရာသီဥတုအခြေအနေအပေါ်မူတည်၍ ရာသီ၏စတင်ရာ ရက်ကို သတ်မှတ်ကြသည်။ မြန်မာနိုင်ငံတွင် လဆယ့်နှစ်လ ရှိသည့် အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလ လေးလသည် ဆောင်းရာသီကာလ ဖြစ်သည်။  မြောက်ဘက်ကမ္ဘာခြမ်း ၌ ဆောင်းရာသီဖြစ်ပေါ်နေချိန်၌ အပြန်အလှန်အားဖြင့်  တောင်ကမ္ဘာခြမ်း တွင် နွေရာသီ ဖြစ်ပေါ်နေသည်။ ဒေသအများအပြား၌ ဆောင်းရာသီတွင် နှင်းများနှင့် ရေခဲမှတ်အောက်ရောက်နေသော အပူချိန်တို့နှင့် ဆက်နွယ်နေလေ့ရှိသည်။ ဆောင်းယဉ်စွန်းချိန်တွင် နေ၏ အမြင့်သည် မြောက် (သို့) တောင်ဝင်ရိုးစွန်း၏ အနုတ်အောက်ရောက်နေသော အများဆုံးရောက်နေသော အပူချိန်နှင့် ဆက်နွယ်နေသည်။ ဆိုလိုသည်မှာ ဝင်ရိုးစွန်းမှ တိုင်းတာကြည့်မည်ဆို

တန်ဆောင်မုန်းလ

Image
တန်ဆောင်မုန်းလ တန်ဆောင်မှုန်း  ခေါ်  တန်ဆောင်မုန်း သည်  မြန်မာပြက္ခဒိန် ၏ ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။ တန်ဆောင်မုန်းလတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလဖြစ်သည်။ 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။ တောင်သူအများ ကောက်လျင် (ခေါ်) ကောက်ငယ်ရိတ်သိမ်းချိန် ကျရောက်သည့်ကာလလည်း ဖြစ်ပေသည်။ တန်ဆောင်မုန်းလအတွက် အထိမ်းအမှတ်ပန်းမှာ  ခဝဲပန်း  (Dysolobium grande) ဖြစ်သည်။ ပွဲတော်များ ပြင်ဆင် ကထိန်ပွဲ ပြင်ဆင် အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး -  ကထိန် တန်ဆောင်မုန်းလသည် မီးရှုး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလဖြစ်၏။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလ၌ "ကထိန်ပွဲတော်" ကို အစဉ်အလာမပြတ် ကျင်းပခဲ့ကြသည်။ "ကထိန်" သည် "ကထိန" ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်၏။ ကထိန် ဟူသည်