Posts

Showing posts with the label အစားအစာ

မုန့်ဟင်းခါး

Image
မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်) လေးများနှင့် ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည် တို့ကို အတူတွဲဖက် စားသုံးရသည့် သာရေစာ တစ်မျိုးဖြစ်သည်။ မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသား စားဖွယ် အဖြစ် အချို့က ယူဆကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့၊ ရွာတိုင်း တွင် မုန့်ဟင်းခါး ရောင်းချ ကြပြီး နံနက်စာ မှ နေ့လယ် နေ့ခင်း အစာပြေ အပြင် ညလည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံး လေ့ရှိကြသည်။ ထို့အပြင်မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ် နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံ ချက်နည်း ရိုးရှင်းလွယ်ကူ သည့်အပြင် စရိတ်ပါ သက်သာ သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစား အစာ လည်းဖြစ်သည်။ မုန့်ဟင်းခါး အခြားအမည်များ မုန့်၊ မုန့်ဟင်း အဓိကသုံးဆောင်မှု နံနက်စာ၊ အစာပြေ မူရင်းနိုင်ငံ မြန်မာ ဖန်တီးသူ မသိ သုံးဆောင် အပူချိန် အပူ အဓိက ပါဝင်ပစ္စည်း မုန့်ဖတ်၊ ညှပ်ခေါက်ဆွဲ၊ ငါး မျိုးကွဲများ ဒေသအလိုက်ကိုကြည့်ပါ   Cookbook: မုန့်ဟင်းခါး      Media: မုန့်ဟင်းခါး သမိုင်းကြောင်း ပြင်ဆင် ရှေးမြန်မာ့သမိုင်း တစ်လျောက်တွင် မုန့်ဟင်းခ