Rudolf Christian Karl Diesel (ဒီဇယ်) တီထွင်သူ
မွေးနေ့ ၁၈ မတ် ၁၈၅၈ ကွယ်လွန် ၂၉ စက်တင်ဘာ ၁၉၁၃ (အသက် ၅၅နှစ်) မွေးဖွားရာဒေသ ပါရီ၊ပြင်သစ် ရာထူးအလုပ်အကိုင် အင်ဂျင်နီယာ၊တီထွင်သူ၊ တီထွင်စွန့်စားစီးပွားရှာသူ လူသိများခြင်းမှာ ဒီဇယ်အင်ဂျင်တီထွင်ခြင်း ရုဒေါ့ဖ် ခရစ်ယာန် ကားလ် ဒီဇယ် [Rudolf Christian Karl Diesel] (၁၈၅၈-၁၉၁၃) သည် ဂျာမနီ လူမျိုး စက်မှုအင်ဂျင်နီယာ နှင့် တီထွင်သူ ဖြစ်သည်။ ဒီဇယ်အင်ဂျင် တီထွင်ခြင်း နှင့်ပတ်သက်၍လူသိများပါသည်။ အစောပိုင်းငယ်ဘ၀ ပြင်ဆင် ဒီဇယ်ကို ၁၈၅၈ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် သီအိုဒေါ်ဒီဇယ် နှင့် အဲလိစ်ဒီဇယ် တို့မှ ဖွားမြင်ခဲ့ပါသည်။ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်ဖြစ်ပါသည်။ သူတို့သည် Augsburg , Bavaria မှ ရေကြည်မြက်နုရာ ပါရီမြို့တော် ပြောင်းရွေ့နေထိုင်သူများဖြစ်ပါသည်။ ဒီဇယ်၏ ဖခင်မှာ စာအုပ်ချုပ်သမားတစ်ဦးဖြစ်သည်။ စီးပွားရေးအခြေအနေကြောင့် ၁၈၄၈တွင် မွေးရပ်ဖြစ်သော ဘာဗာရီးယားကို စွန့်လာခဲ့သည်။ ပါရီမြို့တော်တွင်နေထိုင်သူ အဲလိစ်နှင့် ၁၈၅၅တွင် အကြောင်းပါခဲ့ပြီး၊ သားရေကုန်သည်နှင့်ထုတ်လုပ်သူအဖြစ်စီးပွားရေးကိုပြောင်းလဲလုပ်ကိုင်ခဲ့သည်။ ဒီဇယ်၏ ငယ်စဉ်တောင်ကျေးကလေးဘ၀သည် ပါရီမြို့တော်တွင်ကုန