Posts

Showing posts with the label ဥပဒေရေးရာ

သေဒဏ်ပေးခြင်း

Image
Death Penalty or Capital punishment  (သေဒဏ်) သေဒဏ် ပေးခြင်းဆိုသည်မှာ တရားရုံးမှ အပြစ်သား အပေါ် ၄င်းကျူးလွန်သော ပြစ်မှု အတွက် အမြင့်ဆုံး ပြစ်ဒဏ် ပေးခြင်းဖြစ်သည်။ သေဒဏ်ကို အင်္ဂလိပ်လို death penalty ဟုလည်းကောင်း capital punishment ဟု  လည်းကောင်း ဖလှယ်သုံးလေ့ရှိသည်။ သေဒဏ်ချမှတ်ပြီး အပြစ်သားအား ချက်ချင်း ကွတ်မျက်ခြင်းမျိုး မဟုတ်ပေ။ အယူခံအဆင့်ဆင့်တက်ရောက်ကာ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲချမှတ်ခြင်းမျိုးဖြင့် ပြစ်ဒဏ် လျော့ပေါ့လေ့ရှိကြသည်။ သမိုင်းဖြစ်စဉ်အကျဉ်း ဘီစီ ၇ရာစု ရှေးဂရိတို့၏ Draco ဥပဒေတွင် လူသတ်မှု မုဒိန်းမှု  နိုင်ငံတော်သစ္စာဖောက်မှု တို့တွင် သေဒဏ်ပေးလေ့ရှိသည်။ ရောမခေတ်တွင် သေဒဏ်ကို အသုံးပြု ခြင်းရှိသော်လည်း ၄င်းတို့၏ နိုင်ငံသား များအပေါ် ကျင့်သုံးခြင်းမှာနည်းပါး၏။ သေဒဏ်ပေးခြင်းသဘောကို Hammuriabi  ၏ ကိုဓဥပဒေ တွင် an eye for an eye,  a tooth for a tooth a life for a life  ဟု ပြဋ္ဌာန်းပါရှိသည်။ အစ္စလာမ်တရားဥပဒေတွင် သေဒဏ် ပေးခြင်းများပြဋ္ဌာန်းပါရှိသော်လည်း အများအားဖြင့် ခိုးမှု လုယက်မှု  မယားခိုးမှု ဘာသာတရားကို စော်ကားမှုများတွင်သာ တွင်ကျယ် စွာ ကျင့်သုံးလေ့ရှိကြသည်။  လူသတ