နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်ကို eng လိုရေးမယ်ဆိုရင်ပေါ့..
နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်ကို အင်္ဂလိပ်လို ရေးမယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာ (နိုင်) ဆိုရင် အင်္ဂလိပ်လို ( N ) လို့ မရေးပဲ အင်္ဂလိပ်လို ( C ) လို့ ရေးရမယ် လို့ (Citizen) ဒီနေ့ မှတ်သားစရာ အဖြစ် သိရလို့ တဆင့် ပြန်ရှယ် ပေးပါတယ်.. (N)ဆိုတာ သီလရှင် ဖြစ်ပါတယ်တဲ့.. ကိုယ့်နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၉/မထလ(နိုင်) ကို 9/Ma Hta La (C)လို့ ရေးရပါမယ်။ 9/Ma Hta La (N)လို့ ရေးရင် သီလရှင် ဖြစ်ပါလိမ့်မယ်။ နိုင် (နိုင်ငံသား) = C (Citizen) ဧည့် (ဧည့်နိုင်ငံသား) = AC (Associate Citizen) ပြု (နိုင်ငံသားပြုခွင့်ရသူ) = NC (Naturalized Citizen) စ (နိုင်ငံသားစိစစ်ခံမည့်သူ) = V (National Verification) သ (သာသနာဝင်) = M (Monk) သီ (သာသနာနွယ်ဝင်) = N (Nun) သီလရှင်ဘဝမှ လွတ်မြောက်ကြစေ ကကြီးကနေ အ အထိ အင်္ဂလိပ်လို အတိုကောက် ရေးရမယ့် ပုံစံလည်းပါ,ပါတယ် ဌာနဆိုင်ရာက မိတ်ဆွေများ ကိုယ့်ဌာနမှာ အမှားပြင်ပေးကြပါ။ #crd