Posts

Showing posts with the label ပညာရေး

ပညာရေးစနစ်

Image
ပညာရေး ဆိုသည်မှာ  လူမှုသိပ္ပံပညာရပ် တစ်ခုဖြစ်ပြီး  သင်ကြားခြင်း   သင်ယူခြင်းများ  နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များကိုခေါ်ဆိုသည်။ ကျေးလက်စာသင်ကျောင်းမှ မြန်မာကလေးငယ်များ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင်မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများကိုပေးသော လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်း ပညာခေတ်ကြီးတွင် ပညာဗဟုသုတများကို ကျွမ်းဝင်စေရန် ကြိုးပမ်းအားထုတ်နေကြရရုံမျှမက ထိုပညာရပ်များကို ကောင်း မကောင်း မှန် မမှန်ဆုံးဖြတ်နိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍ တွင်ပါဝင်လာသည်။ ထို့ပြင် ကိုယ်လိုချင်သည့်အချက်အလက်များကို နှိုက်ယူနိုင်စွမ်း၊ မည်သည့်နေရာတွင်ရှိနေမှန်း သိနိုင်သည့်အသိတရား သည်လည်း ပညာဟူ၍ဆိုရပေလိမ့်မည်။ ထို့ပြင် ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်စွမ်း "ပန်းတိုင်" လည်းရှိရမည်ဖြစ်သည်။ ပညာရေးအားခြုံငုံသုံးသပ်ကြည့်ခြင်း ပြင်ဆင် ပညာရေးကို  အကျယ်ပြန့်ဆုံး ပြောရလျှင် မွေးသည်မှ သေသည်အထိဖြစ်စဉ်ကြီးတစ်ခုဖြစ်သည်ဟုလည်းဆိုနိုင်သည်။ အချို့ ကလည်း ပညာရေးသည် မမွေးမီကတည်းကစသည်ဟုဆ