Instagram အကြောင်း
အင်စတာဂရမ် (အိုင်ဂျီ IG ဟုလည်း သိကြသည်။ [၃] ) သည် ဖေ့ဘွတ်မှ ပိုင်ဆိုင်သည့် ရုပ်ပုံနှင့် ဗီဒီယိုများ မျှဝေသည့် ကွန်ယက်ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ၎င်းကို Kevin Systrom နှင့် Mike Krieger တို့သည် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင် iOS တစ်ခုတည်း၌သာ စတင်ခဲ့သည်။ အန်ဒရွိုက်အတွက်ကိုမူ နှစ်ဝက်ခန့်ကြာမြင့်ပြီးသည့် ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေခဲ့သည်။ ထို့နောက်တွင် feature – limited ဝဘ်ဆိုက်တစ်ခုကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ဝင်းဒိုး 10 မိုဘိုင်းနှင့် ဝင်းဒိုး 10 တို့အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလနှင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အသီးသီး ထုတ်လုပ်ခဲ့သည်။ အင်စတာဂရမ်တွင် အသုံးပြုသူအား ရုပ်ပုံများနှင့် ဗီဒီယိုများကို upload တင်ခြင်းကို ခွင့်ပြထားသည်။ ထိုတင်မည့် ရုပ်ပုံနှင့် ဗီဒီယိုများကို filter အသုံးပြုကာ ပြင်ဆင်ခြင်း၊ tag ဖြင့် ထိန်းသိမ်းစုစည်းခြင်း နှင့် တည်နေရာ အချက်အလက်များ ပြုပြင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။ Instagram နဂိုမူလရေးသူ(များ) Kevin Systrom , Mike Krieger (Burbn, Inc.) ဆော့ဖ်ဝဲလ်ရေးသူ(များ) Facebook ပထမဆုံး ဖြန့်ချိခြင်း အောက်တိုဘာ ၆၊ ၂၀၁၀ ; ၁၀