Posts

Showing posts from December, 2020

ဆေးလိပ် (ဆေးရွက်ကြီး)

Image
ဆေးရွက်ကြီးသည် လူ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ဆေးရွက်ကြီးမီးခိုးကို အဝတ်ဖြူပေါ်တွင် မှုတ်တင်လိုက်ပါက အဝတ်ဖြူတွင် အမည်းစွန်းများ ထင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ အမည်းစွန်းများတွင် နီကိုတင်းခေါ် ပြင်းထန်သော အဆိပ်တမျိုး ပါဝင်နေပါသည်။ အဆိုပါ နီကိုတင်း အဆိပ်သည် မည်မျှပြင်းထန်သနည်းဆိုပါလျှင် အဆိပ်တစက်ကိုယူပြီး ယုန်၏အရေပြားကို တို့လိုက်ရုံဖြင့် ယုန်သေစေနိုင်ပါသည်။ မြန်မာ  ဝစ်ရှင်နရီ  တွင် ဤစကားလုံးအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် - ဆေးလိပ် ဆေးရွက်ကြီးရွက် သမိုင်းကြောင်း ဤမျှ ပြင်းထန်သော အဆိပ်ကို လူသားတို့ သောက်ရှူသုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၈၀၀၀-ခန့်ရှိပြီဖြစ်ပါသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀၀-ခန့် (ဘီစီ ၆၀၀၀-ခန့်) ကတည်းက အမေရိကတိုက်တွင် ဆေးရွက်ကြီးများ စတင်ပေါ်ပေါက်နေကြောင်း ပညာရှင်များက ခန့်မှန်းခဲ့ကြပါသည်။ အမေရိကတိုက်နေ လူရိုးများ ဆေးရွက်ကြီးကို သုံးစွဲခဲ့သည့် အထောက်အထားကိုမူ ခရစ်တော်မပေါ်မီ ၁-ရာစုအလိုခန့်တွင်မှ စတင်တွေ့ရှိခဲ့ပါသည်။ လူရိုင်းတို့သည် ဆေးရွက်ကြီးမှ အငွေ့များကို ကောင်းကင်သို့ မှုတ်ထုတ်ပြီး နတ်ဘုရားများထံ အငွေ့များ ဆက်သခဲ့သည်ဟု ဆိုပါသည်

စီးကရက် (CIGARETTES) စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ စီးကရက်(သို့) ဆေးလိပ်ဆိုသောအရာသည် မကောင်းမှန်း သိသော်လည်း ဖြတ်ရခက်တတ်သည်။

Image
စီးကရက်သည် လူတို့တီထွင်ထားသော ဖွာရှိုက်၊ အကြံထုတ်၊ စတိုင်ထုတ်စရာ အရာဝတ္တုပစ္စည်း တစ်ခုပင်ဖြစ်သည်။ အဓိကအားဖြင့် စိတ်ဖိစီးမှုထွက်ပေါက်တခုအဖြစ် သောက်သုံးကြခြင်းပင် ဖြစ်သည်။ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ စီးကရက်(သို့) ဆေးလိပ်ဆိုသောအရာသည် မကောင်းမှန်း သိသော်လည်း ဖြတ်ရခက်တတ်သည်။ စီးကရက် စီးကရက်သောက်ခြင်း စီးကရက်သောက်ခြင်းနှင့် ပတ်သက်၍ စိတ်ခံစားမှု မျိုးစုံ ရှိသည်။ ကြောက်စိတ်ပြေစေရန် ရဲဆေးတင်သော သဘောဖြင့် သောက်ခြင်း၊ အလုပ်သဘောအရ မိတ်ဖြစ်ဆွေဖြစ် သောက်ခြင်း၊ ရည်းစားစကား မပြောမီ စိတ်ငြိမ်ဆေးသဖွယ် မှီဝဲခြင်း၊ စတိုင်ထုတ်သည့် သဘောဖြင့် သောက်ခြင်း စသည်ဖြင့် မျိုးစုံ ရှိနိုင်သည်။ စီးကရက်နှင့် ကမ္ဘာ တိုးတက်ပြီးနိုင်ငံများတွင် စီးကရက်ကပေးသော အန္တရာယ်ကို လူတိုင်း သိရှိပြီးဖြစ်သည်။ နိုင်ငံတကာတွင်  ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက် စေနိုင်ပါသည်  ဟူသောစာတမ်းကို ဥပဒေအရ စီးကရက်ကြော်ငြာတိုင်းတွင် ထည့်ကြရသည်။  ဥရောပ နိုင်ငံများတွင် စီးကရက်ဘူးခွံတိုင်း၌ ကျန်းမာရေး သတိပေးချက်ကို မြင်သာအောင်ဖော်ပြရသည်။  ဩစတေးလျနိုင်ငံ နှင့်  အင်္ဂလန်နိုင်ငံ တို့တွင်

ARISTOTLE - ဂရိလူမျိုး အရစ္စတိုတယ် (Aristotle) (ဘီစီ ၃၈၄-၃၂၂) သည် ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင်ဖြစ်သည်။

Image
အရစ္စတိုတယ် ဂရိလူမျိုး  အရစ္စတိုတယ်  (Aristotle) (ဘီစီ ၃၈၄-၃၂၂) သည် ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော တွေးခေါ်ပညာရှင်နှင့်  သိပ္ပံ ပညာရှင်ဖြစ်သည်။ ရိုးရိုးယုတ္တိဗေဒ (Formal Logic) ဖြင့် ဒဿနိကဗေဒ ကို ရှုထောင့်ပေါင်းစုံမှ အသက်သွင်းသူအဖြစ် ကျော်ကြားသည်။ အရစ္စတိုတယ် ( ဘီစီ  ၃၈၄-၃၂၂) အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့  မက်စီဒိုးနီးယားနိုင်ငံ ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင်  ပလေတို (Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ  ပလေတို  ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ  ဇီဝဗေဒ  သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ တွေးခေါ်မှန်းဆခြင်း(Philosophical Speculation)ကို အထုံရခဲ့သည်။ ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင်ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့်  အလက်ဇန္ဒား  ၏ဆရာအဖြစ် တာဝန်ယူ သင