Posts

Showing posts from February, 2021

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

Image
သခင်ကိုယ်တော်မှိုင်း မြန်မာစာရေးဆရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ကာ ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်သည်။ သခင်ကိုယ်တော်မှိုင်း မွေးဖွား မောင်လွန်း မတ် ၂၃၊ ၁၈၇၆ ဝါးလယ်ရွာ၊  ရွှေတောင်မြို့ ၊  ပြည်ခရိုင် ၊  မြန်မာနိုင်ငံ ကွယ်လွန် ဇူလိုင် ၂၃၊ ၁၉၆၄ (အသက် ၈၈) ရန်ကုန်မြို့ ၊  မြန်မာနိုင်ငံ ထာဝရ အိပ်စက်ရာ ကန်တော်မင်ဉယျာဉ်ဂူဗိမာန်၊  ရန်ကုန်မြို့ ၊  မြန်မာနိုင်ငံ ကလောင်အမည် ပဏ္ဍိလေး၊ မောင်သမာဓိ၊ ဆရာလွန်း၊ ဘိုးဘိုးအောင်၊ မစ္စတာမောင်မှိုင်း၊ သခင်ကိုယ်တော်မှိုင်း အလုပ်အကိုင် ဝတ္ထုရေးဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ်၊ နိုင်ငံရေးသမား ကာလ ၁၈၉၈–၁၉၆၄ စာပေအမျိုးအစား အမျိုးသားရေး ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများ မစ္စတာမောင်မှိုင်း မှာတော်ပုံ ဝတ္ထု (၁၉၁၆) ရရှိသည့်ဆုများ အလင်္ကာကျော်စွာ ဘွဲ့ (၁၉၅၀) စတာလင်ငြိမ်းချမ်းရေးဆု(ဆိုဗီယက်) (၁၉၅၄) ဒေါက်တာဘွဲ့ (University of Hamburg) (၁၉၆၀)

စစ်အာဏာရှင်စနစ် ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို စစ်တပ်မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော စစ်အစိုးရနှင့် အာဏာရှင်စနစ်တစ်မျိုးဖြစ်ပါသည်။ ထိုစနစ်၏အာဏာရှင်မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။

Image
စစ်အာဏာရှင်စနစ် စစ်တပ်မှအုပ်ချုပ်သောအာဏာရှင်စနစ် စစ်အာဏာရှင်စနစ်  ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို  စစ်တပ် မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော  စစ်အစိုးရ နှင့်  အာဏာရှင်စနစ် တစ်မျိုးဖြစ်ပါသည်။ ထိုစနစ်၏ အာဏာရှင် မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ထိုစနစ်၏ဆန့်ကျင်ဖက်မှာ ပြည်သူများက စစ်ရေးရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် စစ်အာဏာရှင်စနစ်ကို ခါကီစတိုကရေစီ (khakistocracy) ဟုခေါ်ဆိုကြပါသည်။ထိုစကားလုံးသည် ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနှင့် ကာကီ (ခါကီ) (khaki) ခေါ် စစ်သားများဝတ်ဆင်သောအရောင် ဟူသောစကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာပုံ စစ်အာဏာရှင်စနစ်သည် "coup d'état" ခေါ် အစိုးရကိုဖြုတ်ချခြင်းမှ ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် အရပ်သားအစိုးရရှိလျက်နှင့်ပင် စစ်တပ်ကိုယ်တိုင်အုပ်ချုပ်မှုများလည်း ရှိနိုင်ပါသည်။ ထိုကဲ့သို့သောအခြေအနေများတွင် အစိုးရသည် စစ်တပ်၏အလိုကိုလိုက်ပေးရခြင်း သို့မဟုတ် အစိုးရ၏အာဏာမှေးမှိန်ခြင်းတို့ဖြစ်တတ်ပါသည်။ သာဓကအားဖြင့်  ပထမကမ္ဘာစစ် ကာလ ဂျာမန်အင်ပါ