Posts

သမ္မာကျမ်းစာ

Image
သမ္မာကျမ်းစာ ကျမ်းဂန် သမ္မာကျမ်း  သည်  ခရစ်ယာန်ဘာသာ  ဝင်များ၏ကျမ်းစာဖြစ်ပြီး ဘုရားသခင်ပြောသောစကားများကို ရေးသားထားသည့်စာအုပ်လည်းဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် ယေရှုခရစ်တော် မဖွားမြင်ခင်က ရေးခဲ့သော ကျမ်းများကို  ဓမ္မဟောင်းကျမ်း  ဟုခေါ်ပြီး  ခရစ်တော် မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများကို  ဓမ္မသစ်ကျမ်း  ဟုခေါ်ပါသည်။ ရေးသားခဲ့သူများမှာ တံငါသည်မှ ရှင်ဘုရင်အထိ လူအမျိုးမျိုးပါဝင်ကြပြီး ဘုရားသခင်၏ ရူပါရုံပေးခြင်းဖြင့် ရေးနိုင်ခဲ့ကြပါသည်။ ဓမ္မဟောင်းတွင် ၃၉ ကျမ်းပါရှိပြီး၊ ဓမ္မသစ်ကျမ်းတွင်၂၇ ကျမ်းပါဝင်သည်။ ရိုမင်ကတ်သလလစ်ကျမ်းတွင် ကျမ်းပို (apocrypha) ၂၃ ကျမ်းပါရှိ၍ ဓမ္မဟောင်းကျမ်း ၄၆ ကျမ်းနှင့် ဓမ္မသစ်ကျမ်း ၂၇ ကျမ်းပါရှိသည်။ ဂရိနှင့် ရုရှအောက်သိုဒေါ့ကျောင်းတော်များက ဖော်ပြပါကျမ်းပိုများအပြင် အခြားကျမ်းပိုများကိုလည်း လက်ခံကြသည်။ မည်သည့်အချိန်မှ စတင်ရေးသားခဲ့သည်ကို အတိအကျမသိနိုင်သော်လည်း ဂျူးလူမျိုးများ၏  မောရှေ ပညတ်တရား ၅ကျမ်း မှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ မောရှေရဲ့  ပညတ်တော် ၁၀ ပါး  ကို ဘီစီ ၁၄၀၆ (မောရှေ သေဆုံးချိန်) မတိုင်မီရေးခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် ေဂျရုဆလင်မြို့ကို ဘေဘီလုံ

ရောမကက်သလစ်ဂိုဏ်း/ကက်သလစ်အသင်းတော်

Image
ရောမကက်သလစ်ဂိုဏ်း ရောမကက်သလစ်ဂိုဏ်းသည် ယနေ့ကမ္ဘာပေါ်တွင် သန်းပေါင်းငါးရာကျော်မျှ သော ခရစ်ယန်တို့ ယုံကြည် ကိုးကွယ်သည့် ခရစ်ယန်အယူဝါဒဆိုင်ရာ ဂိုဏ်းတစ်ခု ဖြစ် သည်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးအသီးမှ လူမျိုးတစ်ရာ တို့အလယ်တွင် ကာလ၊ ဒေသမရွေး ကက်သလစ်ဂိုဏ်းဝင် များကို တွေ့ရသည်။ ဤကက်သလစ်ဂိုဏ်း၏ အယူဝါဒမှာ သခင်ယေဇူး (သခင်ယေရှု) ဟောကြားတော်မူခဲ့သော  မေတ္တာ  ဒေသနာတော် များသာ ဖြစ်သည်။  ( ခရစ်တော်၊ ယေရှု-။) ကက်သလစ်ဂိုဏ်းဝင်အပေါင်းတို့သည် မိမိတို့၏ ယုံကြည်မှု တွင် သဘောချင်းတိုက်ဆိုင်သဖြင့် တူညီသော ကိုယ်ကျင့်တရား ရှိကြပြီးလျှင် ဝိညာဉ် နာမ်သဘောတရား အယူဝါဒ သဘော တရားများနှင့် သက်ဆိုင်သော ကိစ္စအရပ်ရပ်တို့၌ သခင်ယေဇူး ၏ ကိုယ်စားလှယ်တော် ရဟန်းမင်းကြီး၏ ဩဇာကို နာယူကာ ညီညွတ်စည်းလုံးကြသည်။ ရဟန်းမင်းကြီး၏ သာသနာရေးနှင့် စပ်လျဉ်းသော သွန်သင်ချက်များကို ယုံကြည်ကျင့်ကြံကြသည့် ကက်သလစ် ဂိုဏ်းဝင်တို့သည် တမလွန်ဘဝတွင် ကောင်းကင် ဘုံ၌ ထာဝရ သုခချမ်းသာ ခံစားကြရ၏။ ( ပုပ်ရဟန်းမင်းစနစ် နှင့် ပုပ်ရဟန်းမင်းများ -- ။) အရင်းခံမူလ အစဦး၌ ထာဝရ မြတ်စွာဘုရားသခင်သည် ကမ္ဘာ လောကကို ဖန်ဆင်းတော်မူပြီးနောက် တန်ခိုးကြီး၍ ဝိညာဉ် များသာ

ခရစ်ယာန်ဘာသာ

Image
ခရစ်ယာန်ဘာသာ ခရစ်ယာန်သာသနာ (ဂရိ စာလုံး Xριστός မှ၊ ခရစ်စတို့စ်၊ “ယေရှု” ၊ စာပေအရ “ ဘိသိက်ခံသောသူ”) သည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသော နာဇရက်မြို့သား ယေရှု၏ ဘဝအသက်တာနှင့် သွန်သင်မှုများအပေါ် အခြေခံသော တစ်ဆူတည်းသော ထာဝရဘုရားကို ယုံကြည်သောဘာသာရေးဖြစ်သည်။ခရစ်ယာန်များသည် ယေရှုကို ထာဝရဘုရားသခင်၏ သားတော်၊ လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသခင်နှင့် လူသားတို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် ယေရှုကို ခရစ်တော် သို့မဟုတ် မေရှိ ဟု အများအားဖြင့် ရည်ညွှန်းကြသည်။ခရစ်ယာန်များဟု လူသိများသော ခရစ်ယာန်အယူဝါဒကိုထောက်ခံသူတို့က ယေရှုသည် ဟီဘရူးကျမ်းစာ (ခရစ်ယာန်သာသနာနှင့်ဂျူးဘာသာအယူဝါဒတို့တွင် တူညီသောသမ္မာကျမ်း၏ အပိုင်းတစ်ခုဖြစ်ပြီး ခရစ်ယာန်သာသနာတွင် "ဓမ္မဟောင်းကျမ်း"ဟု ရည်ညွှန်းသည်) တွင် နိမိတ်ဖတ်ထားသော မေရှိဟု ယုံကြည်သည်။ ခရစ်ယာန်ဘာသာဝင်များ ယုံကြည်ကိုးကွယ်ကြသည့် ယေရှူခရစ်တော်၏ပုံ ဧဝံဂေလိတရား ခရစ်ယာန်ဂိုဏ်းခွဲအများစုက ယေရှုသည် သက်ရှိနှင့်သေလွန်ပြီးလူသားအားလုံးကို တရားစီရင်ရန်နှင့် ယေရှုကို ယုံကြည်လက်ခံသူများအား ထာဝရအသက်တာပေးရန်တစ်ဖန်ပြန်လည်ကြွလာဦးမည်ဖြစ် ကြောင်း သွန်သင်ကြသည်။ ယ

ခရစ်တော် / ယေရှု

Image
ခရစ်တော်၊ ယေရှု ယေရှုခရစ်တော် သို့မဟုတ် ယေရှု (မြန်မာပြည်ကက်သလစ် အသင်းတော်၌ ယေဇူးခရစ်တော် ၊ယေဇူးဟုခေါ်တွင်သည်) ဟုလည်း လူသိများသူသည်  ခရစ်ယာန်သာသနာ ၏ ပင်မအသွင်သဏ္ဌာန် ဖြစ်ပြီး  ဓမ္မဟောင်းကျမ်း တွင် ဟောပြောထားသော မေရှိယ(မက်ဆီးယား)ဟု ရှုမြင်ကြသည်။ ခရစ်ယာန်ဘာသာရေး ဂိုဏ်းဂဏ အများစုက သူ့ကို ထာဝရဘုရားသခင်၏သားတော် နှင့် သေခြင်းမှ ထမြောက်သော ဘုရားသခင် ဝင်စားသူဟု ယုံကြည်ကြသည်။ အခြားသော ဘာသာအယူဝါဒများက သူ့ကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။ သူသည် လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ယေရှု(ယေဇူး)၏ ဘဝ၊ဒေသနာ နှင့်ပတ်သက်၍ အခြေခံ အချက်အလက်များမှာ  ခရစ်ယာန်  အသင်းတော်များ စည်းမျဉ်းဆိုင်ရာ သွန်သင်ချက်များဖြစ်သော ခရစ်ဝင်ကျမ်း လေးကျမ်း ဖြစ်သည်။ အချို့ပညာရှင်များက (သောမကျမ်း ၊ သောမတ်ကျမ်း) နှင့် ဟေဗြဲကျမ်း(ဟေဗြေဦးကျမ်း သို့ ဟီဘရူးကျမ်း) တို့လည်း စပ်ဆိုင်သည်ဟု ကျိုးကြောင်းပြဆိုသော်လည်းအထူးသဖြင့် ရာဇဝင်အကျဉ်းချုပ်ကျမ်းများ တွင် ပါရှိသည်။ သမ္မာကျမ်းစာ ဝေဖန်ရေးပညာရှင် အများစုက ယေရှု(ယေဇူး)သည် ဂျူးဖြစ်ပြီး ဓမ္မဒေသနာဆရာနှင့် အနာရောဂါတို့ကို ကင်းငြိမ်းစေသူ၊ ဗတ္