သေဒဏ်ပေးခြင်း

Death Penalty or Capital punishment 
(သေဒဏ်)

သေဒဏ် ပေးခြင်းဆိုသည်မှာ
တရားရုံးမှ အပြစ်သား အပေါ်
၄င်းကျူးလွန်သော ပြစ်မှု
အတွက် အမြင့်ဆုံး ပြစ်ဒဏ်
ပေးခြင်းဖြစ်သည်။

သေဒဏ်ကို အင်္ဂလိပ်လို
death penalty ဟုလည်းကောင်း
capital punishment ဟု 
လည်းကောင်း ဖလှယ်သုံးလေ့ရှိသည်။

သေဒဏ်ချမှတ်ပြီး အပြစ်သားအား
ချက်ချင်း ကွတ်မျက်ခြင်းမျိုး မဟုတ်ပေ။
အယူခံအဆင့်ဆင့်တက်ရောက်ကာ
တစ်သက်တစ်ကျွန်းဒဏ်သို့
ပြောင်းလဲချမှတ်ခြင်းမျိုးဖြင့် ပြစ်ဒဏ်
လျော့ပေါ့လေ့ရှိကြသည်။

သမိုင်းဖြစ်စဉ်အကျဉ်း

ဘီစီ ၇ရာစု ရှေးဂရိတို့၏ Draco
ဥပဒေတွင် လူသတ်မှု မုဒိန်းမှု 
နိုင်ငံတော်သစ္စာဖောက်မှု တို့တွင်
သေဒဏ်ပေးလေ့ရှိသည်။
ရောမခေတ်တွင် သေဒဏ်ကို အသုံးပြု
ခြင်းရှိသော်လည်း ၄င်းတို့၏ နိုင်ငံသား
များအပေါ် ကျင့်သုံးခြင်းမှာနည်းပါး၏။
သေဒဏ်ပေးခြင်းသဘောကို Hammuriabi 
၏ ကိုဓဥပဒေ တွင် an eye for an eye, 
a tooth for a tooth a life for a life 
ဟု ပြဋ္ဌာန်းပါရှိသည်။

အစ္စလာမ်တရားဥပဒေတွင် သေဒဏ်
ပေးခြင်းများပြဋ္ဌာန်းပါရှိသော်လည်း
အများအားဖြင့် ခိုးမှု လုယက်မှု 
မယားခိုးမှု ဘာသာတရားကို
စော်ကားမှုများတွင်သာ တွင်ကျယ်
စွာ ကျင့်သုံးလေ့ရှိကြသည်။ 
လူသတ်မှုကို civil crime ဟု ယူဆပြီး
အဆိုပါ လူသတ်မှုကျူးလွန်သူကို
သေဒဏ်ပေးမည် ဆိုပါက ၄င်းတို့၏
ဆွေမျိုးသားချင်းများကိုအာဏာပိုင်များက နစ်နာကြေးပေးရမည်ဟု ပြဋ္ဌာန်းပါရှိသည်။

၁၇ နှင့် ၁၈ ရာစု အတွင်းတွင် အင်္ဂလန်
နိုင်ငံ၌ များစွာသော ပြစ်မှုများတွင်
သေဒဏ်ပြဋ္ဌာန်းချက်ပါရှိသော်လည်း
တွင်ကျယ်စွာ အသုံးပြုခြင်းမျိုးမရှိပေ။
သေဒဏ်ကျခံရသော အပြစ်သားများကို
၄င်းတို့၏ ကိုလိုနီနယ်ဖြစ်သော အမေရိက 
နှင့် သြစတြေးလျသို့သာပြည်နှင်ဒဏ်
ပေးလေ့ရှိသည်။

အလယ်ခေတ် အစပိုင်းတွင် သေဒဏ်
ကျခံရသော အပြစ်သားများသည် 
ဘုန်းတော်ကြီးများထံ အသနားခံခြင်း
ဖြင့် သေဒဏ်မှလွတ်မြောက်ကြသည်။
သို့ရာတွင် တရားသူကြီးများက
ထိုသေဒဏ်မှ လွတ်မြောက်လာသော
အပြစ်သားကို တစ်နှစ်သော်လည်း တစ်သက်တစ်ကျွန်းသော်လည်းကောင်း
ပြစ်ဒဏ်ပေးနိုင်သည်။ထိုပြင် အပြစ်သား
၏ အသားပေါ်တွင် လူသတ်မှုဖြင့် လွတ်
မြောက်လာသူကို M (Murder) ဟု
လည်းကောင်း ခိုးမှုဖြင့်လွတ်မြောက်လာ
သူကို T (Theft) ဟုလည်းကောင်း တံဆိတ်ခတ်နှိပ်ကြသည်။ ၁၇၇၉ ခုနစ်
တွင် အဆိုပါ တံဆိတ်ခတ်နှိပ်ခြင်း နှင့်
၁၈၂၇ ခုနစ်တွင်ဘုန်းတော်ကြီးများထံ
အသနားခံခွင့်တို့ကို ရုပ်သိမ်းပစ်ခဲ့သည်။

သေဒဏ်ပေးပုံအမျိုးမျိုး

ရှေးယခင်မှ ၁၉ရာစု လောက်အထိ
သေဒဏ်ပေးခံရသော အပြစ်သား
များကို ကွက်မျက်ရာတွင် ရက်စက်
သောနည်းလမ်းများသာ အသုံးများ
ကြသည်။ 

ရောမခေတ်တွင် ချောက်ကပါးစွန်းမှ
ပစ်ချခြင်းဖြင့်ကွတ်မျက်ခြင်း။ 
အိတ်ထဲထည့်ကာ ရေထဲပစ်ချနစ်
သတ်ခြင်း။ အပြစ်သားအချင်းချင်း ပြန်လည်တိုက်ခိုက်သတ်ဖြတ်စေခြင်း။ 
ကားစင်တင်သတ်ခြင်းတို့ဖြစ်သည်။

ရှေးဟောင်းတရုတ် တို့၏ ကွတ်မျက်
ခြင်းမှာပို၍ပင်ရက်စက်၏ အပြစ်သား
ကို လွှဖြင့် ဒေါင်လိုက် ပိုင်းဖြတ်ခြင်း
ပြုတ်ခြင်း မသေမချင်း ကြိမ်ဒဏ်ပေးခြင်း
ဖြစ်သည်။ရှေးခေတ် ဥရောပ၌
ရက်စက်ဆုံးသေဒဏ်ပေးခြင်းနည်းလမ်း
များမှာဘီးပေါ်တင် သတ်ခြင်း။
ဆီအိုးထဲထည့်ပြုတ်ခြင်း။မီးရှို့သတ်ခြင်း။
ခေါင်းဖြတ်စက် ပုဆိန် ဓါးတို့ဖြင့်
ခေါင်းဖြတ်သတ်ခြင်း။ကြိုးပေးသတ်ခြင်း
အပြစ်သားအား လေးပိုင်းဖြစ်အောင် 
ဆွဲဖြဲပစ် ခြင်းတို့ဖြစ်သည်။

၂၀ရာစု အနှောင်းပိုင်းတွင် အမေရိကန်
ဂွာတီမာလာ ဖိလစ်ပိုင် တရုတ်တို့သည်
ဆေးထိုးသတ်ခြင်းနည်းလမ်းကို အသုံး
ပြုလာကြသည်။ သို့ရာတွင် ဆော်ဒီ
အာရေဗျ အီရန် နှင့် ဆူဒန် နိုင်ငံများ
သည် ရံဖန်ရံခါ ခေါင်းဖြတ်သတ်ခြင်း
မသေမချင်း ခဲဖြင့် ပေါက်သတ်စေခြင်း
စသောနည်းလမ်းများကို ဆက်လက်
ကျင့်သုံးလျက်ရှိသည်။
အခြားသော သေဒဏ်ပေးခြင်းနည်း
လမ်းများမှာ လျှပ်စစ်ထိုင်ခုံဖြင့် 
ကွတ်မျက်ခြင်း ဂတ်စ်ငွေ့လွတ် 
ကွတ်မျက်ခြင်း သေနတ်ဖြင့် ပစ်သတ်
ခြင်းတို့ဖြစ်ကြသည်။

(အဆိုပါ သေဒဏ်ပေးခြင်း အမျိုးမျိုးကို
အောက်ဖော်ပြပါ ပုံများနှင့် ပူးတွဲ
လေ့လာနိုင်ရန် လက်လှမ်းမှီ
သလောက် စုစည်းတင်ပြထားပါသည်။)

ငြင်းကြခုံကြဆဲ

သေဒဏ်ပေးခြင်း နှင့်ပတ်သက်၍
ပေးသင့် မသင့် ငြင်းကြ ခုံကြဆဲ
ဖြစ်သည်။ သေဒဏ်ပေးခြင်းကို
အောက်ဖော်ပြပါ အမြင်၃မျိုး
ဖြင့် ငြင်းခုံလေ့ရှိကြသည်။

ကိုယ်ကျင့်တရားဆိုင်ရာ ဂိုဏ်း၏
ငြင်းခုံချက်

သေဒဏ်ပေးခြင်းကို ထောက်ခံ
အားပေးသူများက လူသတ်မှု
ကျူးလွန်သူသည် တပါးသူ၏
အသတ်ကိုနှုတ်ယူ သောကြောင့်
ကျူးလွန်သူ၏ အသက်ရှင်သန်ခွင့်
ကိုလည်း ရုတ်သိမ်းပစ်ရမည်ဟု
ယုံကြည်ကြသည်။ သေဒဏ်ပေးခြင်း
သည် အပြစ်သားအတွက် ၀ဋ်လည်ခြင်း
တစ်မျိုးဖြစ်သလို ကျူးလွန်ခံရသူ၏
မိသားစု/ ဥပဒေလိုက်နာသော 
နိုင်ငံသားများ၏ နာကြည်းဒေါသ
ဖြစ်မှုကို ထိန်းသိမ်းပေးခြင်းမျိုး
ဖြစ်သည်ဟု ထောက်ခံသူများက
ယုံကြည်ကြသည်။ 

သေဒဏ်ပေးခြင်းကို ဆန့်ကျင်သူများ
က ဥပဒေသည် လူသတ်ခြင်းကို
နှိမ်နှင်းခြင်းဖြစ်သလို သေဒဏ်ပေး
ခြင်းသည် လူသတ်ခြင်းတမျိုးဖြစ်လို့
နေသဖြင့် ကိုယ်ကျင့်တရားဖြင့် 
မအပ်စပ်ဖြစ်နေသည်။ ရာဇ၀တ်မှု
လျော့ပါးဖို့အတွက် သေဒဏ်ကို
အသုံးပြုခြင်းသည် မမျှတပေ။
သေဒဏ်ပေးခြင်းသည် လူသား
မျိုးနွယ်၏ အသက်ရှင်ရပ်တည်ပိုင်ခွင့်
ကိုချိုးဖောက် သကဲ့သို့ လူသားမဆန်
သောလုပ်ရပ်ဖြစ်သည်ဟု ရှုံ့ချကြသည်။

အသုံးချအဓိကဝါဒ ဂိုဏ်း၏ငြင်းခုံချက်

သေဒဏ်ပေးခြင်းကို ထောက်ခံကြ
သူများက ပြစ်မှုကျူးလွန်ရန်အလား
အလာရှိသူများ၏ရန်ကို ကာကွယ်ရန် 
အတွက် ထောင်ဒဏ်ထက် သေဒဏ်က
အလွန်ထိရောက်သော အဟန့်အတား
တစ်ခုဖြစ်သည်ဟု ယုံကြည်ကြသည်။

သေဒဏ်ပေးခြင်းကို ဆန့်ကျင်သူများ
က သေဒဏ်ပေးခြင်းသည်ပြစ်မှု 
ကျူးလွန်ခြင်းကို ဟန့်တားရာတွင်
တစ်သက်တစ်ကျွန်းဒဏ်လောက်
ထိရောက်မှုမရှိပေ။ဟု ၄င်းတို့၏ 
သုတေသနရှာဖွေချက်များဖြင့်
ထောက်ပြဝေဖန်ကြသည်။

လက်တွေ့ဝါဒီ ဂိုဏ်း၏ငြင်းခုံချက်

သေဒဏ်ပေးခြင်းသည် တရားမျှတမှု
ကို ပေးစွမ်းရဲ့လား ဆိုခြင်းသည် 
အငြင်းပွားစရာ ဖြစ်သည်။ ထောက်ခံ
သူများက သေဒဏ်ပေးခြင်းသည်
သေဒဏ်ပေးရန် ထိုက်သင့်သူကိုသာ
ကွတ်မျက်ခြင်းဖြင့် ဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများ ကိုရုပ်လုံး
ဖော်ပေးသည်။ 

ဆန့်ကျင်သူများက သေဒဏ်ပေးခြင်း
ကို ရှေးယခင်ကတည်းက ကျင့်သုံး
ခဲ့သော်လည်း အချို့သော ပြစ်မှုများကို
သေဒဏ်ထိုက်တန်သည် ဟုဆိုခြင်း
သည် လူတို့၏ အတ္တနောမတိ ထင်ရာ
မြင်ရာ ခွဲခြားဆက်ဆံမှုမျိုးဖြင့်
ဆုံးဖြတ်ခြင်းဖြစ်သည် ဟု ကောက်ယူ
ကြသည်။ 

သေဒဏ်ကိုကျင့်သုံးရာတွင် မျှတမှု
မရှိပေ။ သေဒဏ်ကြောင့် အများအား
ဖြင့်ကွတ်မျက်ခံရသူများမှာ ဥပဒေ အထောက်အပံမရကြသော 
ဆင်းရဲသူများ ပညာမတတ်သူများ
လူနည်းစု လူမျိုးရေး ဘာသာရေး
အသားအရောင်အရ ကွဲပြားသူများ
ဖြစ်ကြပေသည်။

အလွန်ကောင်းမွန်ပါသည်ဆိုသော
တရားစီရင်ရေးတွင်ပင် အမှားဆိုသည်
မှာရှိစမြဲပင်ဖြစ်သည်။ အချို့သော သူများ
သည် သူကိုယ်တိုင်မကျူးလွန်သော
ပြစ်မှုအတွက် ကွတ်မျက်ခံနေရပေသည်။

ထို့ပြင် သေဒဏ်အတွက် အယူခံခြင်း 
လုပ်ငန်းစဉ်၏ အလွန်ရှည်ကြာမှုသည်
အပြစ်သားအတွက် ၄င်း၏ ကံတရား 
အပေါ် မျှော်လင့်ချက်များစွာဖြင့်ရက်စက်စွာ
ကြံကြံခံစောင့်ဆိုင်းရခြင်းမျိုးကိုဖြစ်စေသည်။

သေဒဏ်ဖျက်သိမ်းခြင်းလှုပ်ရှားမှုများ

၁၈ရာစု စက်မှုတော်လှန်ရေးထွန်းကား
လာချိန်၌ သေဒဏ်ဖျက်သိမ်းမှုဆိုင်ရာ
လှုပ်ရှားမှုများ စတင်လာခဲ့သည်။
၁၇၉၄ခုနစ် အမေရိကန်နိုင်ငံ 
Pennsylvania ပြည်နယ်တွင် သေဒဏ်
ပေးခြင်းကို တားမြစ်သည့် အမိန့်ကို
ချမှတ်ခဲ့သည်။ ၁၈၄၆ ခုနစ်တွင်
အမေရိကန်နိုင်ငံ Michigan ပြည်နယ်
တွင် သေဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်
အားလုံး ကို ဖျက်သိမ်းပစ်ခဲ့သည်။
၁၈၆၃ ခုနစ်တွင် ဗင်နီဇွဲလားနိုင်ငံ
သည် ပထမဆုံး သေဒဏ်ပေးခြင်း
ကိုဖျက်သိမ်းပစ်သောနိုင်ငံဖြစ်သည်။
ပေါတူဂီသည်လည်း ဥရောပ၌ 
ပထမဆုံးသေဒဏ်ဖျက်သိမ်းခဲ့
သောနိုင်ငံဖြစ်သည်။ ဗြိတိန်နိုင်ငံ
သည် ၁၉၆၅ခုနစ်၌ သေဒဏ်ပေးခြင်း
ကိုဖျက်သိမ်းခဲ့သော်လည်း နိုင်ငံတော်
သစ္စာဖောက်မှု ပင်လယ်ဓါးပြမှု 
စစ်ရာဇ၀တ်မှုများတွင် ၁၉၉၈ ခုနစ်ထိ
ဆက်လက်ကျင့်သုံးခဲ့သည်။ 

၂၀ရာစု အနှောင်းပိုင်းတွင် သေဒဏ်
ဖျက်သိမ်းသောနိုင်ငံများ သုံးဆ ထိ
တိုးလာခဲ့သည်။ ၁၉၇၁ ခုနစ် 
ကမ္ဘာကုလသမဂ္ဂ အထွေထွေညီလာခံ
၏ လူ့အခွင့်အရေးကြေညာစာတမ်း
အပိုဒ် ၃ တွင် လူတိုင်းတွင် အသက်ရှင်သန်ခွင့် ====ရှိရမည်ဟုလည်းကောင်း။ အပိုဒ် ၅ တွင်  မည်သူကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း ရက်စက်
ကြမ်းကြုတ်သောလူမဆန်သောလူသိက္ခာ
ညှိုးနွမ်းစေသော ပြုမှုဆက်ဆံခြင်း
အပြစ်ပေးခြင်းမပြုရ။ဟု အဆိုပါ
ကြေညာစာတမ်း၌ ထည့်သွင်းခဲ့လေ
သည်။ထိုပြင် EU အဖွဲ့၀င်နိုင်ငံဖြစ်ဖို့
သေဒဏ်ဖျက်သိမ်းပြီးဖြစ်ရမည်ဟူသော
လိုအပ်ချက်ကို လည်း ပြဋ္ဌာန်းခဲ့
လေသည်။ 

ထိုနောက် Czech republic, Hungary,
Romania, Slovakia, Slovenia
နိုင်ငံများ၌ လည်းသေဒဏ်ဖျက်သိမ်း
ခဲ့လေသည်။ ၁၉၉၀ တွင် အာဖရိက 
နိုင်ငံများဖြစ်သော Angola, Djibouti,
Mozambique, Namibia နိုင်ငံများတွင်
သေဒဏ်ကို ဖျက်သိမ်းခဲ့သည်။အချို့
သော အာဖရိကနိုင်ငံများတွင်ကျင့်သုံး
ဆဲဖြစ်သည်။

သို့ရာတွင် အရှေ့တောင်အာရှ နိုင်ငံများ
နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်
သေဒဏ်ကို ဆက်လက်ကျင့်သုံးဆဲ
ဖြစ်သည်။ အထူးသဖြင့် မှုးယစ်ဆေးဝါးမှု
လာဘ်ပေးလာဘ်ယူမှု လိင်ပိုင်းဆိုင်ရာ
မှုခင်းများတွင် တွင်တွင်ကျယ်ကျယ် ဆက်လက် ကျင့်သုံးဆဲဖြစ်နေပေသည်။

သို့ပါ၍ သေဒဏ်ပေးခြင်းသည်
လူ့အဖွဲ့အစည်းအတွက် ပြစ်မှုများ
ကိုတားဆီးရာတွင် အသုံး၀င်ရဲ့လား။
မျှတမှုရှိရဲ့လား။ လူအဖွဲ့အစည်းက
အပြစ်မှုများထပ်မံ မဖြစ်ပွားသည်ကို
လိုချင်တာလား အပြစ်သားရဲ့ အသက်
ကိုလိုချင်တာလားဆိုတာကို စဉ်းစားနိုင်ရန် 
အလိုငှာ တင်ပြလိုက်ရခြင်းဖြစ်သည်။

Ref Capital punishment by Encyclopaedia
       Britannica Article
       Public Policy by Thomas R. Dye

copy link-
https://m.facebook.com/story.php?story_fbid=443221909204877&id=402168013310267

Comments

Popular posts from this blog

တမန်တော် မိုဟာမက်

ဆေးလိပ် (ဆေးရွက်ကြီး)

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗ.က.ပ) အကြောင်း