နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်ကို eng လိုရေးမယ်ဆိုရင်ပေါ့..
နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်ကို အင်္ဂလိပ်လို ရေးမယ်ဆိုရင်
နိုင်ငံသားစိစစ်ရေးကဒ်ပြားမှာ (နိုင်) ဆိုရင်
အင်္ဂလိပ်လို ( N ) လို့ မရေးပဲ
အင်္ဂလိပ်လို ( C ) လို့ ရေးရမယ် လို့ (Citizen)
ဒီနေ့ မှတ်သားစရာ အဖြစ် သိရလို့ တဆင့် ပြန်ရှယ် ပေးပါတယ်..
(N)ဆိုတာ သီလရှင် ဖြစ်ပါတယ်တဲ့..
ကိုယ့်နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၉/မထလ(နိုင်) ကို 9/Ma Hta La (C)လို့ ရေးရပါမယ်။
9/Ma Hta La (N)လို့ ရေးရင် သီလရှင် ဖြစ်ပါလိမ့်မယ်။
နိုင် (နိုင်ငံသား) = C (Citizen)
ဧည့် (ဧည့်နိုင်ငံသား) = AC (Associate Citizen)
ပြု (နိုင်ငံသားပြုခွင့်ရသူ) = NC (Naturalized Citizen)
စ (နိုင်ငံသားစိစစ်ခံမည့်သူ) = V (National Verification)
သ (သာသနာဝင်) = M (Monk)
သီ (သာသနာနွယ်ဝင်) = N (Nun)
သီလရှင်ဘဝမှ လွတ်မြောက်ကြစေ
ကကြီးကနေ အ အထိ အင်္ဂလိပ်လို အတိုကောက် ရေးရမယ့် ပုံစံလည်းပါ,ပါတယ်
ဌာနဆိုင်ရာက မိတ်ဆွေများ ကိုယ့်ဌာနမှာ အမှားပြင်ပေးကြပါ။
#crd
Comments
Post a Comment